ဂန္ထဝင် မမ


ဂန္ထဝင်မမ ၁

————— အောင်ချိမ့်


မမရေ. . .

မမ​ရေ. . .

မမရေ. . .


ကျွန်တော့်ကို တံခါးဖွင့်ပေးပါ ။

သွေးရူးသွေးတန်း

ကိန်းဂဏန်းတွေ ကိုင်မြှောက်ပြ

အကြိမ်တစ်ရာ ရှိပါပြီ

မဟာစကြဝဠာ တစ်ခုလုံး

နပိုလီယံကလွဲပြီး လူသားအားလုံး

စစ်ကို မုန်းသလို သဘောတူကြတယ်

ဟုတ်တယ် ၊ ဒါ ဖျားနေသူရဲ့ အသံပါပဲ ။


အိုး

ငါ ဖျားနေတာ

နွေသုံးခု ၊ မိုးသုံးခု

ဆောင်းသုံးခု

ဒုမဲ့ဒြပ်မဲ့ လက်ပတ်နာရီ

လူနာခုတင်ပေါ် အိပ်ရာပြင်

ပညာရှိများကို ကန့်ကွက်ရဲ့

အသက်ရှင်ခြင်း ဆိုတာ ရင်ခုန်တာပဲ

ဘယ်သူ ငြင်းမလဲဟေ့

ဘယ်သူ ငြင်းမလဲ ။


ဆရာဝန် ညွှန်ကြားချက်မှာ

လက်ဖက်ရည်တစ်ခွက် ပေးပါ

ဒူးယားတစ်လိပ် ပေးပါ

မမ ကျွန်တော့်ကို ချစ်ပါ

ဒီကောင် လက်နက်ချရမယ်တဲ့ ။


အောင်ချိမ့်


 

Comments

Popular posts from this blog

ဂန္ဓမာ သောင်းရီ

ခင်ဖုန်းသက်ဝေ ဂယ်လာရီ

ခင်ဖုန်းသက်ဝေ ဂယ်လာရီ