ဆပ်ရိပ်


 Panrasite


စိုက်တိုင်းမပွင့်ဘူး ဘဝမှာ(ပွင့်ချင်လည်းပွင့်မယ်)
ပွင့်တိုင်း မလှဘူး (လှချင်လည်းလှမယ်)
ဘာပဲဖြစ်ဖြစ်
ရေမျောကမ်းတင်
သစ်ရွက်ကလေးသာဖြစ်လိုက်ချင်တယ်။

စမ်းချောင်းကလေးအတိုင်း
တောင်တန်းတလျှောက်
နွေးနွေးထွေးထွေး
အဝေးကြီးရောက်ချင်တယ်။

တော်ပါတော့
ကုန်စျေးနှုန်းများ
ဒေါ်လာစျေးများ
၁၂၀ မမ
အိမ်ဝယ်ပြီးရင် ကားဝယ်ဖို့။

တောလမ်းကလေးမှာဆိုရင်
တောပန်းကလေးတွေသာရှိပါတယ်။

-ဆပ်ရိပ်
၇.၉.၂၁

Comments

Popular posts from this blog

ဂန္ဓမာ သောင်းရီ

ခင်ဖုန်းသက်ဝေ ဂယ်လာရီ

ခင်ဖုန်းသက်ဝေ ဂယ်လာရီ