သတိရစိတ်ဟာ သိုးငယ်တွေ


 သတိရစိတ်တွေဟာ သိုးငယ်တွေ

___________________

ညမအိပ်ပဲ မနက်ခင်းတွေ ရောက်လာတဲ့နေ့တွေဆို
ဖြတ်သန်းရ အတော်ခက်တာပဲ။

မြောက်ဒဂုံကနေ မင်းဆီကို အပြေးကလေး လှမ်းလာချင်ခဲ့တဲ့ မနက်တွေပေါ့။ 
မနက်စာကို အမ်စတာဒမ်မှာ စားချင်တဲ့စိတ်မရှိဖူးပါဘူး။
ညနေခင်းတွေကို ပဲရစ်စ်မှာ လမ်းလျှောက်ချင်တဲ့စိတ်မရှိဖူးပါဘူး။
မနက်စာကို မင်းကြော်ပေးမယ့် ကြက်ဥကြော်ထိုင်စောင့်ရင်း ညနေခင်းတွေကို ဒရိုင်ယာနဲ့ မှုတ်လိုက်ချင်တာပါပဲ။

မင်း မြင်ရဲ့လား အချစ် ... မြင်ရဲ့လား
ဟောဒီမှာ နွေဒီနာ ကျဆုံးခန်း
ဟောဒီမှာ ကမ္ဘာ့အထိနာပုံ

ဟောဒီမှာ မင်းရင်ဘတ်ပေါ်က ငါ့နာမည်
ဟောဒီ့မှာ အချစ်အကြောင်းပြောပြီး နည်းနည်းကလေးမှ မကြိုးစားခဲ့သူ။

အချစ်ရေ ...
ငါတို့က သောက်ကလေးတွေမဟုတ်တော့ဘူး။
သောက်ပိုတွေပြောနေရမယ့် အရွယ်တွေမဟုတ်တော့ဘူး။
ချစ်တယ်ဆိုတဲ့စကားကို လိပ်ပြာသန့်သန့်နဲ့ ပြောနေရမယ့် အရွယ်တွေပါ။

ဂေဘယ်လ်
၂၁ဇူလိုင်၊ ၂၀၂၁

Comments

Popular posts from this blog

ဂန္ဓမာ သောင်းရီ

ခင်ဖုန်းသက်ဝေ ဂယ်လာရီ

ခင်ဖုန်းသက်ဝေ ဂယ်လာရီ