ချစ်မိတ်ဆွေ ၂၄
ချစ်မိတ်ဆွေ - ၂၄
ကုတင်အလယ်ခေါင်တည့်တည့်မှာ
တင်ပလ္လင်ချိတ်ထိုင်ပြီး လှသန်းဟာ
"ကျွန်တော် မကြောက်ပါဘူး"
"ကျွန်တော် မကြောက်ပါဘူး"
လူနာလာမေးသူတိုင်းကို
အဲ့ဒါပဲ ထပ်ခါထပ်ခါ ပြောတယ်။
နောက်တစ်နေ့မှာ
လှသန်း ဆုံးပါတယ်။
ဪ ထောင့်မကျိုးတဲ့ကောင်လည်း
သေတာပါပဲလား ပေါ့လေ။
မင်းကို ငါသတိရပုံကလည်း
မဟုတ်သေးပါဘူး ပေါ့လေ။
အောင်ချိမ့်
Comments
Post a Comment