ဂေဘယ်လ်


 ငါတို့ဟာ တစ်မျိုးစီ ရူးနေကြသူတွေပါပဲ

________________________

ငါ့အကြောင်း မင်းအသိဆုံးပါကွယ်။ 
ငါဘာကိုမှ မကြိုးစားခဲ့တာလေ၊ ဘဝမှာ မင်းနဲ့အတူနေရဖို့ကလွဲပြီး ငါဘာကိုများ ကြိုးစားခဲ့ဖူးလို့လဲ။ 

ပင်မင်းအပ်ထားတဲ့ ငါ့အင်္ကျီတွေ မင်းလိုက်ထုတ်ပေးပါဦး။
ကမ္ဘာမကျော်ပါဘူး၊ ဒါဟာ သာမန်အချစ်ဇာတ်လမ်းတစ်ခုပါပဲ။

မင်းဆံပင်တွေ ရှည်လာပြီး ရွှေရောင်တွေဖြစ်လာတော့ ငါလည်း တော်လှန်ရေးထဲပါလိုက်ရတယ်။
နိုဝင်ဘာလကိုရောက်ရင် ငါအိပ်ရာထဲ လဲနေမယ်ထင်တယ်။

တစ်နေ့နေ့မှာ မင်းနဲ့ငါ အရက်ဆိုင်တစ်ခုထဲမှာ တွေ့ခဲ့ရင် ငါတို့အတူထိုင်ဖြစ်ပါ့မလား ငါသိပ်စိုးရိမ်တာပဲ။
ငါတို့ကိုယ်ပိုင်ငရဲတွေကို ငါတို့ကိုယ်တိုင်ဖန်ဆင်းခဲ့တာပဲလေ။ 
ဒီလောက်တော့ ပူလောင်ရမှာပေါ့ မဟုတ်ဘူးလား။

ငါက အသံတုန်နေတဲ့ မင်းသားပဲလေ အချစ်ရယ် 
ငါကတဲ့ဇာတ် ငါပြီးအောင်တင်ဆက်နေမှာပါ။
ငါတို့လွဲချော်ခဲ့ပုံကို ဘယ်စာရေးဆရာရေးရင် ကောင်းလောက်မလဲ။
ခေါင်းစဉ်ကို "ငါတို့အတူနေကြပြီး ငါတို့အတူသေကြမယ်" လို့ ပေးမလား အချစ်။

ဂေဘယ်လ်
၂၅ဇူလိုင်၊ ၂၀၂၁

Comments

Popular posts from this blog

ဂန္ဓမာ သောင်းရီ

ခင်ဖုန်းသက်ဝေ ဂယ်လာရီ

ခင်ဖုန်းသက်ဝေ ဂယ်လာရီ