ညီမလေး မမမြင့်
ညီမလေး မမမြင့်
(က)
မြောက်ကျွန်းသူ အတုလကာရီရဲ့
တစ်စလယ်ဝင် ထမင်းအိုးလေးဟာ
ရဟန္တာအပါး ၅၀၀ ကို
ဆွမ်းကပ်လှူနိုင်သတဲ့ကွ. . .
ညီမလေး မမမြင့်ရဲ့
ရွှေသားသံယောဇဉ်ကလည်း
ကိုယ့်ဘဝတစ်ခုလုံးကို
ကျန်းမာဝေဆာအောင်
ကဗျာဆရာဖြစ်အောင်
ဖြည့်စွမ်းပေးနိုင်ခဲ့ပါတယ်။
ညီမလေး မမမြင့်ရေ
မမြဲတဲ့ အနိစ္စတရားက မြဲလွန်း
တို့တွေ မောင်နှမလို နေကြမယ်ကွယ်။
မောင်ချောနွယ်
Comments
Post a Comment