ဆိုဖီရဲ့ရယ်သံ
artwork by Kyaw Zaw
ဆိုဖီရဲ့ရယ်သံ - ၂
ရယ်သံပိန်ပိန်နဲ့လူဝကြီးတစ်ယောက်
မြစ်ကိုဖြတ်ကူးလာတယ်။
တဖက်ကမ်းမှာ လူပိန်လေးတစ်ယောက် အဓိပ္ပာယ်ကို လက်နှိပ်ဓာတ်မီးထိုးပြီး ရှာနေတယ်။
အချိန်ဟာ ရေထဲက လကို
တချိန်ချိန်မှာဆယ်ယူကောင်းပါရဲ့။
ဆိုဖီရဲ့ရယ်သံကို မျက်နှာကြက်မှာသိမ်းထားတယ်။
ဆိုဖီရဲ့ရယ်သံ -၅
တဖက်ကမ်းက ရယ်သံဝဝနဲ့ လူပိန်လေးဟာ
အဓိပ္ပာယ်ကို လက်နှိပ်ဓာတ်မီးထိုးပြီး သည်းကြီးမည်းကြီးရှာနေတုန်းပဲ ဆိုဖီ။
မရယ်မိအောင်နေမှပဲ လောကကြီးက
ငါ့ပေါ်ကြွေကျတော့တယ်။
အထီးကျန်ဆိုဖီ ယုန်ကလေးပိုက်လို့။
-Emoh Nema
Comments
Post a Comment