မတော်တဆ ဗင်းနစ်မြို့ပေါ်က ကုန်သည်နှစ်ယောက်
မတော်တဆ ဗင်းနစ်မြို့ပေါ်က ကုန်သည်နှစ်ယောက်
______________________________________
ဒီရက်တွေမှာ ငါ့ခေါင်းဟာ သိပ်အလုပ်မလုပ်တော့
တွေးခေါ်နိုင်စွမ်းတွေဟာလည်း မရှိတော့
ပင်လယ်လှိုင်းတွေလို ကြီးမားတဲ့ ငါ့အယူအဆတွေဟာလည်း
ငြိမ်သက်သွားရတယ်။
ဘာမှဆက်ဖြစ်မလာတော့မယ့် ဆက်နွယ်မှုဟာ
မင်းနဲ့ ငါပါ။
ဒါဆို ဘာလို့ ဟိုတယ်အခန်းနံပါတ်တွေအပေါ်
ငါတို့ ညည့်နက်ခဲ့ပါလိမ့်။
အချစ်ရဲ့ အက်ကွဲသံတွေဟာ မွေးနေ့ကိတ်မရှိတဲ့
မွေးနေ့ပွဲမှာ ဖြစ်ခဲ့တယ်။
ချိန်းဆိုခဲ့
မြစ်လက်တက်တွေမှာ ငါတို့ရဲ့အချစ်တွေ ဆုံနိုင်ရဲ့လား။
အနုပညာအသက်ငွေ့ငွေ့လေးကို မင်းယူပါ။
အချစ်ရေ
ဘာစီလိုနာပွဲလာတဲ့အချိန် ကိုယ့်ကိုခေါ်ပါ။
မင်းအပေါ်ကျရှုံးခဲ့ရသလို ကိုယ်ဘာစီလိုနာအပေါ်မှာလည်း
ကျရှုံးခဲ့ရသေးတယ်။
အချစ်ရေ အခုတော့ ငါတို့ဟာ
တစ်ယောက်နဲ့တစ်ယောက် မသိတဲ့
ဗင်းနစ်မြို့ပေါ်က ကုန်သည်တွေလိုပေါ့။
သဲသဲမဲမဲ မြစ်တွေ ဖြစ်ခဲ့ရ။
ဂေဘယ်လ်
သြဂုတ်၂၅၊ ၂၀၂၁
Comments
Post a Comment