မောင်ချောနွယ်
ကမ္ဘာလောကကြီးကို ယုယသူဟာ
မောင်ချောနွယ်
ဖော်ဝေး
အောင်ချိမ့်နဲ့
သုခမိန်လှိုင် တို့ ဖြစ်ကြရဲ့။
ကမ္ဘာကြီးနဲ့ စိမ်းသူဟာလည်း
သူတို့ပဲ ဖြစ်ကြတယ်။
ရေခဲတွေ အရည်ပျော်ရန်
ငါ့ကိုခေါ်ပါ
မောင်ချောနွယ်ကို ခေါ်ပါ
ဖော်ဝေးကို ခေါ်ပါ။
မပူသေးတဲ့ရေ ဆူရန်
ငါ့ကိုခေါ်ပါ
ဖော်ဝေးကို ခေါ်ပါ
မောင်ချောနွယ်ကို ခေါ်ပါ။
မောင်ချောနွယ်
Comments
Post a Comment