ဆိုဖီရဲ့ရယ်သံ


ဆိုဖီရဲ့ရယ်သံ - ၃၁

ဆိုဖီ့စိတ်တွေ
တစ်နွေလုံးဝါခဲ့တယ်။
ဗလာမိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး
ကြေကွဲသံဗရပွနဲ့ဆိုဖီရယ်တယ်။
မြက်စားနေတဲ့စိတ်က
ဆိုဖီ့ရယ်သံကို မော့ကြည့်တယ်။

ဆိုဖီရဲ့ရယ်သံ -၃၇

ဘဝမှာကိုယ့်ကို
စိတ်ရင်းနဲ့ ချစ်နေစောင့်ရှောက်ပေးနေမယ့် 
သူတစ်ယောက်ရှိတာ 
ဘယ်လောက်ကောင်းလိုက်သလဲလို့
ဆိုဖီအခါခါပြောတယ်။
ဖြတ်သွားဖြတ်လာကြယ်တွေကိုကြည့်ပြီး ဆိုဖီရယ်တယ်။

-Emoh Nema 

Comments

Popular posts from this blog

ဂန္ဓမာ သောင်းရီ

ခင်ဖုန်းသက်ဝေ ဂယ်လာရီ

ခင်ဖုန်းသက်ဝေ ဂယ်လာရီ