ကြည်ဇော်အေး Get link Facebook X Pinterest Email Other Apps September 09, 2021 စစ်ကြီးပြီးရင်ခန်းစီးအသစ်တွေလဲကြမယ်ပျော်စရာကောင်းတဲ့ဖျော်ရည်တွေသောက်ကြမယ်ဘုရားစင်ပေါ်မှာအလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ်တောင်းရမယ့်ဆုကချစ်သူများသာ အဓွန့်ရှည်ပါစေ။#ကြည်ဇော်အေး Get link Facebook X Pinterest Email Other Apps Comments
ဂန္ဓမာ သောင်းရီ September 06, 2021 “သေရဲတယ်ဆိုတာ အပြောသာလွယ်တာ သေပြီးရင်ရှုံးသွားတာပဲကွ..... ဘာမှဆက်လုပ်လို့မှမရတော့ဘူး မသေအောင်နေမှ နိုင်တာ..မင်းသိလား” မရှုံးစေနဲ့ညီကိုတို့ ဂန္ဓမာသောင်းရီ (The Guys Of Rangoon) Read more
ခင်ဖုန်းသက်ဝေ ဂယ်လာရီ September 09, 2021 လွမ်းစရာရှိလို့ ကျွန်တော် မအားသေးကြောင်း ပြောလိုက်မိပါတယ် ခင်ဖုန်းသက်ဝေ ။ မေနဲ့ သြဂုတ်မှာ အရင်လေတွေတိုက်ရင် အရင်ပန်းတွေပဲ ပွင့်ကြဦးမှာပါ။ လိုအပ်ရင် ပန်းအသစ်တွေ လဲပေးဖို့ ဘယ်သစ်ပင်ကိုမှ ကျွန်တော် မတောင်းဆိုချင်ပါဘူး။ အပြည့်အဝ လွမ်းခွင့်ရတာဟာလည်း လူဖြစ်ကျိုးနပ်မှု အခက်အခဲတစ်ခုပါကွယ်။ ခင်ဖုန်းသက်ဝေ ကြားလိုက်လားတော့မသိဘူး တချို့ဆို တိုးလျှိုပေါက်ကြီးကို ပုန်းညက်ပန်းလေး ဖြစ်သွားကြတာလေ။ လမ်းဘေးက အချိုရည်ဘူးခွံလေးကို ပိတ်ကန်ပစ်လိုက်မယ်။ လမ်းလျှောက်ရင်း ကြော်ငြာဆိုင်းဘုတ်တွေ ဖတ်မယ်။ သတ္တိရှိချင်ယောင်ဆောင်ပြီး စပယ်ယာကို ဘုကြည့်,ကြည့်မယ်။ အားလုံး လွယ်လွယ်လေးပါ။ ဖယ်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်တာက အစ ရှမ်းကိုးမီးဝိုင်းက ကျင့်ဝတ်ဆိုင်ရာပြဿနာတွေ အထိ လွယ်တတ်ပါတယ်။ ဒေါသရော အတ္တရောကြီးတဲ့ကောင်တွေ မျိုးသုဉ်းသွားဖို့ရေးအထိ လွယ်ကောင်းလွယ်နေနိုင်ပါတယ်။ စိုးရိမ်ထိတ်လန့်နေတဲ့ အစွမ်းအစ အမျိုးမျိုးကို ပိုင်ဆိုင်ဖို့ လွယ်ပါလိမ့်မယ်။ ဆင်ခြင်တုံတရားကို ချရေးဖို့ ပို့(စ)ကတ်လေးတစ်ခု ရှာရတာ လွယ်ပါလိမ့်မယ်။ အို... အားလုံး လွယ်ကောင်းလွယ်နေကြပါလိမ့်မယ်။ "စံပယ်ဖြူ တုံးခါမှ ခင်ဖုန်းသက်ဝေရယ် ဘယ်စိတ်လည်လို့ ပေါ်လာပြန်... Read more
ခင်ဖုန်းသက်ဝေ ဂယ်လာရီ September 05, 2021 " ခင်ဖုန်းသက်ဝေ ဂယ်လာရီ " ရှင်ဘုရင်ဆိုတာ ဆန္ဒရှိရာကို ပြောနိုင်တဲ့နေရာလို့ ကျွန်တော်ထင်ခဲ့တယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ ခင်ဖုန်းသက်ဝေ အဖိုးတန်ကြယ်လေးတစ်လုံး ကျွန်တော်ထွန်းထားရစ်ပါတယ် မျက်စောင်းတွေနဲ့ ပလ္လင်တော် မပျော်ပဲ ရယ်ပြနေရတဲ့တိမ်တစ်အုပ် ဗျိုင်းတစ်အုပ် မြူတစ်အုပ် ဆေးပျယ်စ သင်္ဘောကြီးတွေက မြစ်လည်မှာတရွေ့ရွေ့ ပြန်တွေ့ကြဖို့ အစီအစဉ်သည် ရှိ၏ မရှိ၏ ဘာမှမရခဲ့ပါဘူး ဘာမှမရခဲ့လို့သာ ကဗျာဆရာဖြစ်နေတာလေ တခုခုရလိုက်ဖူးရင် တခြားလူဖြစ်သွားတော့မှာပေါ့ ခင်ဖုန်းသက်ဝေရဲ့ အဲဒီလိုနဲ့ပဲ ကိုယ့်ပန်းပွင့်ကို ရွက်လိုတိုက် ဗေဒါပင်လေး မိုက်မိုက်မဲမဲ ထွက်ခွာသွားပါပြီ ဓားဘယ်နှစ်စင်း အဲဒီလမ်းမှာခင်းထားပါသလဲ မြစ်ကလက်မခံတော့ရင် ကမ်းမှာတင်မယ် ဘယ်ကမ်းမှ လက်မခံတော့ရင်ရောတဲ့ တောင်ပင်လယ်ကိုမျှော်လို့ ပန်းသုံးပွင့်သာလှူပေးကွယ် သလဲသီးတွေဝယ်ရင်းနဲ့မှ ဗိုလ်အောင်ကျော်လမ်းက ခိုတွေ သိပ်နွဲ့တတ်ကြတာသိတယ် မုန်းစရာကြီးနော် ခင်ဖုန်းသက်ဝေ ဒီအကြောင်း ထရန့် နဲ့ မစ္စတာရှီကို မစ်စ်ကောပို့မယ် အချစ်ထက် ဒေါ်လာဈေးတွေကျော်လာကြောင်း မနှစ်က တမာပင်ရိပ်ကိုပဲ မဟုတ်လား အညာသားလေးရောင်းတဲ့ ရခိုင်မုန့်တီတဲ့ ရယ်ရတယ်နော် ခင်ဖုန်းသက်... Read more
Comments
Post a Comment