တက္ကသိုလ်ဘုန်းနိုင်


 artwork by Ahb

အချစ်လို့

လူတို့ခေါ်တဲ့သည်အရာကို
ငါမပေးနိုင်ဘူးလေ။
ဒါပေမယ့် အဲ့ဒါအစား
နှလုံးသားကပင့်ပြီး
အထက်မြှင့် မြှောက်တင်တော့
ကောင်းကင်ဘုံကလည်းကွယ်
မငြင်းမပယ်တဲ့ ကိုးကွယ်ခြင်းမျိုး
ပိုးဖလံငယ်ရဲ့ ကြယ်ကိုလိုချင်တဲ့ ဆန္ဒမျိုး။
ညက နံနက်ကို လိုချင်တဲ့ ဆန္ဒမျိုး။
လူ့ဘဝရဲ့ သောက 
မျက်ရည်လောကများရဲ့ ဟိုမှာဘက်
အဲ့သည်ဘက်က တစ်စုံတစ်ရာကို
ကိုယ်ကိုနှင်းအပ်
ဆည်းကပ်ရိုးကျိုး
သဒ္ဓါနှင့် မြတ်နိုးခြင်း
အင်း...သည်ဟာမျိုးကိုတော့ မင်း...
မင်း လက်မခံချင်ဘူးလား။

ရှယ်လီ​၏ ကဗျာအား တက္ကသိုလ်ဘုန်းနိုင်မှ မြန်မာဘာသာပြန်ထားခြင်း ဖြစ်သည်။

Comments

Popular posts from this blog

ဂန္ဓမာ သောင်းရီ

ခင်ဖုန်းသက်ဝေ ဂယ်လာရီ

ခင်ဖုန်းသက်ဝေ ဂယ်လာရီ