Posts

ချစ်မိတ်ဆွေ ၂၄

Image
 ချစ်မိတ်ဆွေ - ၂၄ ကုတင်အလယ်ခေါင်တည့်တည့်မှာ တင်ပလ္လင်ချိတ်ထိုင်ပြီး လှသန်းဟာ "ကျွန်တော် မကြောက်ပါဘူး" "ကျွန်တော် မကြောက်ပါဘူး" လူနာလာမေးသူတိုင်းကို အဲ့ဒါပဲ ထပ်ခါထပ်ခါ ပြောတယ်။ နောက်တစ်နေ့မှာ  လှသန်း ဆုံးပါတယ်။ ဪ ထောင့်မကျိုးတဲ့ကောင်လည်း သေတာပါပဲလား ပေါ့လေ။ မင်းကို ငါသတိရပုံကလည်း မဟုတ်သေးပါဘူး ပေါ့လေ။ အောင်ချိမ့်

ခင်ဖုန်းသက်ဝေ ဂယ်လာရီ

Image
 လွမ်းစရာရှိလို့ ကျွန်တော် မအားသေးကြောင်း ပြောလိုက်မိပါတယ် ခင်ဖုန်းသက်ဝေ ။ မေနဲ့ သြဂုတ်မှာ အရင်လေတွေတိုက်ရင် အရင်ပန်းတွေပဲ ပွင့်ကြဦးမှာပါ။ လိုအပ်ရင် ပန်းအသစ်တွေ လဲပေးဖို့ ဘယ်သစ်ပင်ကိုမှ ကျွန်တော် မတောင်းဆိုချင်ပါဘူး။ အပြည့်အဝ လွမ်းခွင့်ရတာဟာလည်း လူဖြစ်ကျိုးနပ်မှု အခက်အခဲတစ်ခုပါကွယ်။ ခင်ဖုန်းသက်ဝေ ကြားလိုက်လားတော့မသိဘူး တချို့ဆို တိုးလျှိုပေါက်ကြီးကို ပုန်းညက်ပန်းလေး ဖြစ်သွားကြတာလေ။ လမ်းဘေးက အချိုရည်ဘူးခွံလေးကို ပိတ်ကန်ပစ်လိုက်မယ်။ လမ်းလျှောက်ရင်း ကြော်ငြာဆိုင်းဘုတ်တွေ ဖတ်မယ်။ သတ္တိရှိချင်ယောင်ဆောင်ပြီး စပယ်ယာကို ဘုကြည့်,ကြည့်မယ်။ အားလုံး လွယ်လွယ်လေးပါ။ ဖယ်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်တာက အစ ရှမ်းကိုးမီးဝိုင်းက ကျင့်ဝတ်ဆိုင်ရာပြဿနာတွေ အထိ လွယ်တတ်ပါတယ်။ ဒေါသရော အတ္တရောကြီးတဲ့ကောင်တွေ မျိုးသုဉ်းသွားဖို့ရေးအထိ လွယ်ကောင်းလွယ်နေနိုင်ပါတယ်။ စိုးရိမ်ထိတ်လန့်နေတဲ့ အစွမ်းအစ အမျိုးမျိုးကို ပိုင်ဆိုင်ဖို့ လွယ်ပါလိမ့်မယ်။ ဆင်ခြင်တုံတရားကို ချရေးဖို့ ပို့(စ)ကတ်လေးတစ်ခု ရှာရတာ လွယ်ပါလိမ့်မယ်။ အို... အားလုံး လွယ်ကောင်းလွယ်နေကြပါလိမ့်မယ်။ "စံပယ်ဖြူ တုံးခါမှ ခင်ဖုန်းသက်ဝေရယ် ဘယ်စိတ်လည်လို့ ပေါ်လာပြန်...

ကြည်ဇော်အေး

Image
 စစ်ကြီးပြီးရင် ခန်းစီးအသစ်တွေလဲကြမယ် ပျော်စရာကောင်းတဲ့ ဖျော်ရည်တွေသောက်ကြမယ် ဘုရားစင်ပေါ်မှာ အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ် တောင်းရမယ့်ဆုက ချစ်သူများသာ အဓွန့်ရှည်ပါစေ။ #ကြည်ဇော်အေး

သတိရစိတ်ဟာ သိုးငယ်တွေ

Image
 သတိရစိတ်တွေဟာ သိုးငယ်တွေ ___________________ ညမအိပ်ပဲ မနက်ခင်းတွေ ရောက်လာတဲ့နေ့တွေဆို ဖြတ်သန်းရ အတော်ခက်တာပဲ။ မြောက်ဒဂုံကနေ မင်းဆီကို အပြေးကလေး လှမ်းလာချင်ခဲ့တဲ့ မနက်တွေပေါ့။  မနက်စာကို အမ်စတာဒမ်မှာ စားချင်တဲ့စိတ်မရှိဖူးပါဘူး။ ညနေခင်းတွေကို ပဲရစ်စ်မှာ လမ်းလျှောက်ချင်တဲ့စိတ်မရှိဖူးပါဘူး။ မနက်စာကို မင်းကြော်ပေးမယ့် ကြက်ဥကြော်ထိုင်စောင့်ရင်း ညနေခင်းတွေကို ဒရိုင်ယာနဲ့ မှုတ်လိုက်ချင်တာပါပဲ။ မင်း မြင်ရဲ့လား အချစ် ... မြင်ရဲ့လား ဟောဒီမှာ နွေဒီနာ ကျဆုံးခန်း ဟောဒီမှာ ကမ္ဘာ့အထိနာပုံ ဟောဒီမှာ မင်းရင်ဘတ်ပေါ်က ငါ့နာမည် ဟောဒီ့မှာ အချစ်အကြောင်းပြောပြီး နည်းနည်းကလေးမှ မကြိုးစားခဲ့သူ။ အချစ်ရေ ... ငါတို့က သောက်ကလေးတွေမဟုတ်တော့ဘူး။ သောက်ပိုတွေပြောနေရမယ့် အရွယ်တွေမဟုတ်တော့ဘူး။ ချစ်တယ်ဆိုတဲ့စကားကို လိပ်ပြာသန့်သန့်နဲ့ ပြောနေရမယ့် အရွယ်တွေပါ။ ဂေဘယ်လ် ၂၁ဇူလိုင်၊ ၂၀၂၁

ကျေးဇူးတော်လမ်း

Image
 “ကျေးဇူးတော်လမ်း” အသက်ကိုနောက်မှရှူမယ် ကော်ဖီကိုအရင်သောက်မယ် ငါ့ကိုယ်ငါအရင်ချစ်လည်း မင်းကိုချစ်တာ အရင်ဖြစ်ခဲ့တယ်။                ။ လမ်းပေါ်တစ်နှစ်ပတ်လုံး သွားနေတာပဲ လမ်းပေါ်တစ်နှစ်ပတ်လုံး လူတွေ သေနေကြတာပဲ မသွားလို့မှ မဖြစ် အချစ်မှာ မရောက်လို့မှ မဖြစ်ပဲ။ မသာ ဆယ်ခေါက်လည်း လူဟာ ဘယ်မှ မရောက်ဘူး။ အသည်းကွဲတယ်ဆိုတာကလည်း အသည်းရှိခဲ့လို့ပါပဲ အချစ်မှာ အခြား ဘာရှိရမှာလဲ ငါလည်း မသေအိမ်က မုံညင်းစေ့ပမာ ပျောက်နေတာကို ဘဝထဲမှာ မရှာ အရိပ်ထဲမှာ မနား အနီးဆုံးဘုရားကို မဖူး လမ်းဟာ ရူးခါနေတာပဲ။                     ။ ကိုယ်အသက်ကြီးခဲ့ရင် ပင်လယ် တောင်တန်းနဲ့ နယ်မြို့လေးတစ်မြို့မှာ သွားနေမယ် ကိုယ်အသက်မကြီးခဲ့ရင်လည်း ကိုယ်ဟာ တစ်ပြားမှ မလျှော့ ရန်ကုန်းလမ်းပေါ်မှာပဲပေါ့။ လင်းနေမှ လူနေတယ် ထင်ယောင်မှားမိတယ် အမှောင်ထဲမှာလည်း ငြိမ်ငြိမ်လေး ကိုယ်နေတယ် အစကတည်းက မရောက်ခဲ့ရင် ဘယ်တော့မှလည်း မရောက် ကိုယ်လျှောက်နေတဲ့ လမ်းထက် လူဟာပိုမရောက် အိမ်အပြန်လမ်းတစ်လျှောက် အားလုံးနောက်ကျလည်း တစ်ယောက်ချင်းမှာ မိသားစုတစ်စုချင်းမှာ ခြေလမ်းညီညီစီလ...

မတော်တဆ ဗင်းနစ်မြို့ပေါ်က ကုန်သည်နှစ်ယောက်

Image
 မတော်တဆ ဗင်းနစ်မြို့ပေါ်က ကုန်သည်နှစ်ယောက် ______________________________________ ဒီရက်တွေမှာ ငါ့ခေါင်းဟာ သိပ်အလုပ်မလုပ်တော့ တွေးခေါ်နိုင်စွမ်းတွေဟာလည်း မရှိတော့ ပင်လယ်လှိုင်းတွေလို ကြီးမားတဲ့ ငါ့အယူအဆတွေဟာလည်း  ငြိမ်သက်သွားရတယ်။ ဘာမှဆက်ဖြစ်မလာတော့မယ့် ဆက်နွယ်မှုဟာ  မင်းနဲ့ ငါပါ။ ဒါဆို ဘာလို့ ဟိုတယ်အခန်းနံပါတ်တွေအပေါ်  ငါတို့ ညည့်နက်ခဲ့ပါလိမ့်။ အချစ်ရဲ့ အက်ကွဲသံတွေဟာ မွေးနေ့ကိတ်မရှိတဲ့  မွေးနေ့ပွဲမှာ ဖြစ်ခဲ့တယ်။ ချိန်းဆိုခဲ့ မြစ်လက်တက်တွေမှာ ငါတို့ရဲ့အချစ်တွေ ဆုံနိုင်ရဲ့လား။ အနုပညာအသက်ငွေ့ငွေ့လေးကို မင်းယူပါ။  အချစ်ရေ ဘာစီလိုနာပွဲလာတဲ့အချိန် ကိုယ့်ကိုခေါ်ပါ။ မင်းအပေါ်ကျရှုံးခဲ့ရသလို ကိုယ်ဘာစီလိုနာအပေါ်မှာလည်း  ကျရှုံးခဲ့ရသေးတယ်။ အချစ်ရေ အခုတော့ ငါတို့ဟာ  တစ်ယောက်နဲ့တစ်ယောက် မသိတဲ့ ဗင်းနစ်မြို့ပေါ်က ကုန်သည်တွေလိုပေါ့။ သဲသဲမဲမဲ မြစ်တွေ ဖြစ်ခဲ့ရ။ ဂေဘယ်လ် သြဂုတ်၂၅၊ ၂၀၂၁

တာရာမင်းဝေ

Image
 ချစ်ရတာခက်လား ဟင့်အင်း ချစ်ရတာမခက်ပါဘူး ဒါဆိုဘာက ခက်တာလဲ ချစ်မြဲချစ်နေဖို့ကခက်တာ . . . . တာရာမင်းဝေ