Posts

Showing posts from September, 2021

ချစ်မိတ်ဆွေ ၂၄

Image
 ချစ်မိတ်ဆွေ - ၂၄ ကုတင်အလယ်ခေါင်တည့်တည့်မှာ တင်ပလ္လင်ချိတ်ထိုင်ပြီး လှသန်းဟာ "ကျွန်တော် မကြောက်ပါဘူး" "ကျွန်တော် မကြောက်ပါဘူး" လူနာလာမေးသူတိုင်းကို အဲ့ဒါပဲ ထပ်ခါထပ်ခါ ပြောတယ်။ နောက်တစ်နေ့မှာ  လှသန်း ဆုံးပါတယ်။ ဪ ထောင့်မကျိုးတဲ့ကောင်လည်း သေတာပါပဲလား ပေါ့လေ။ မင်းကို ငါသတိရပုံကလည်း မဟုတ်သေးပါဘူး ပေါ့လေ။ အောင်ချိမ့်

ခင်ဖုန်းသက်ဝေ ဂယ်လာရီ

Image
 လွမ်းစရာရှိလို့ ကျွန်တော် မအားသေးကြောင်း ပြောလိုက်မိပါတယ် ခင်ဖုန်းသက်ဝေ ။ မေနဲ့ သြဂုတ်မှာ အရင်လေတွေတိုက်ရင် အရင်ပန်းတွေပဲ ပွင့်ကြဦးမှာပါ။ လိုအပ်ရင် ပန်းအသစ်တွေ လဲပေးဖို့ ဘယ်သစ်ပင်ကိုမှ ကျွန်တော် မတောင်းဆိုချင်ပါဘူး။ အပြည့်အဝ လွမ်းခွင့်ရတာဟာလည်း လူဖြစ်ကျိုးနပ်မှု အခက်အခဲတစ်ခုပါကွယ်။ ခင်ဖုန်းသက်ဝေ ကြားလိုက်လားတော့မသိဘူး တချို့ဆို တိုးလျှိုပေါက်ကြီးကို ပုန်းညက်ပန်းလေး ဖြစ်သွားကြတာလေ။ လမ်းဘေးက အချိုရည်ဘူးခွံလေးကို ပိတ်ကန်ပစ်လိုက်မယ်။ လမ်းလျှောက်ရင်း ကြော်ငြာဆိုင်းဘုတ်တွေ ဖတ်မယ်။ သတ္တိရှိချင်ယောင်ဆောင်ပြီး စပယ်ယာကို ဘုကြည့်,ကြည့်မယ်။ အားလုံး လွယ်လွယ်လေးပါ။ ဖယ်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်တာက အစ ရှမ်းကိုးမီးဝိုင်းက ကျင့်ဝတ်ဆိုင်ရာပြဿနာတွေ အထိ လွယ်တတ်ပါတယ်။ ဒေါသရော အတ္တရောကြီးတဲ့ကောင်တွေ မျိုးသုဉ်းသွားဖို့ရေးအထိ လွယ်ကောင်းလွယ်နေနိုင်ပါတယ်။ စိုးရိမ်ထိတ်လန့်နေတဲ့ အစွမ်းအစ အမျိုးမျိုးကို ပိုင်ဆိုင်ဖို့ လွယ်ပါလိမ့်မယ်။ ဆင်ခြင်တုံတရားကို ချရေးဖို့ ပို့(စ)ကတ်လေးတစ်ခု ရှာရတာ လွယ်ပါလိမ့်မယ်။ အို... အားလုံး လွယ်ကောင်းလွယ်နေကြပါလိမ့်မယ်။ "စံပယ်ဖြူ တုံးခါမှ ခင်ဖုန်းသက်ဝေရယ် ဘယ်စိတ်လည်လို့ ပေါ်လာပြန်...

ကြည်ဇော်အေး

Image
 စစ်ကြီးပြီးရင် ခန်းစီးအသစ်တွေလဲကြမယ် ပျော်စရာကောင်းတဲ့ ဖျော်ရည်တွေသောက်ကြမယ် ဘုရားစင်ပေါ်မှာ အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ် တောင်းရမယ့်ဆုက ချစ်သူများသာ အဓွန့်ရှည်ပါစေ။ #ကြည်ဇော်အေး

သတိရစိတ်ဟာ သိုးငယ်တွေ

Image
 သတိရစိတ်တွေဟာ သိုးငယ်တွေ ___________________ ညမအိပ်ပဲ မနက်ခင်းတွေ ရောက်လာတဲ့နေ့တွေဆို ဖြတ်သန်းရ အတော်ခက်တာပဲ။ မြောက်ဒဂုံကနေ မင်းဆီကို အပြေးကလေး လှမ်းလာချင်ခဲ့တဲ့ မနက်တွေပေါ့။  မနက်စာကို အမ်စတာဒမ်မှာ စားချင်တဲ့စိတ်မရှိဖူးပါဘူး။ ညနေခင်းတွေကို ပဲရစ်စ်မှာ လမ်းလျှောက်ချင်တဲ့စိတ်မရှိဖူးပါဘူး။ မနက်စာကို မင်းကြော်ပေးမယ့် ကြက်ဥကြော်ထိုင်စောင့်ရင်း ညနေခင်းတွေကို ဒရိုင်ယာနဲ့ မှုတ်လိုက်ချင်တာပါပဲ။ မင်း မြင်ရဲ့လား အချစ် ... မြင်ရဲ့လား ဟောဒီမှာ နွေဒီနာ ကျဆုံးခန်း ဟောဒီမှာ ကမ္ဘာ့အထိနာပုံ ဟောဒီမှာ မင်းရင်ဘတ်ပေါ်က ငါ့နာမည် ဟောဒီ့မှာ အချစ်အကြောင်းပြောပြီး နည်းနည်းကလေးမှ မကြိုးစားခဲ့သူ။ အချစ်ရေ ... ငါတို့က သောက်ကလေးတွေမဟုတ်တော့ဘူး။ သောက်ပိုတွေပြောနေရမယ့် အရွယ်တွေမဟုတ်တော့ဘူး။ ချစ်တယ်ဆိုတဲ့စကားကို လိပ်ပြာသန့်သန့်နဲ့ ပြောနေရမယ့် အရွယ်တွေပါ။ ဂေဘယ်လ် ၂၁ဇူလိုင်၊ ၂၀၂၁

ကျေးဇူးတော်လမ်း

Image
 “ကျေးဇူးတော်လမ်း” အသက်ကိုနောက်မှရှူမယ် ကော်ဖီကိုအရင်သောက်မယ် ငါ့ကိုယ်ငါအရင်ချစ်လည်း မင်းကိုချစ်တာ အရင်ဖြစ်ခဲ့တယ်။                ။ လမ်းပေါ်တစ်နှစ်ပတ်လုံး သွားနေတာပဲ လမ်းပေါ်တစ်နှစ်ပတ်လုံး လူတွေ သေနေကြတာပဲ မသွားလို့မှ မဖြစ် အချစ်မှာ မရောက်လို့မှ မဖြစ်ပဲ။ မသာ ဆယ်ခေါက်လည်း လူဟာ ဘယ်မှ မရောက်ဘူး။ အသည်းကွဲတယ်ဆိုတာကလည်း အသည်းရှိခဲ့လို့ပါပဲ အချစ်မှာ အခြား ဘာရှိရမှာလဲ ငါလည်း မသေအိမ်က မုံညင်းစေ့ပမာ ပျောက်နေတာကို ဘဝထဲမှာ မရှာ အရိပ်ထဲမှာ မနား အနီးဆုံးဘုရားကို မဖူး လမ်းဟာ ရူးခါနေတာပဲ။                     ။ ကိုယ်အသက်ကြီးခဲ့ရင် ပင်လယ် တောင်တန်းနဲ့ နယ်မြို့လေးတစ်မြို့မှာ သွားနေမယ် ကိုယ်အသက်မကြီးခဲ့ရင်လည်း ကိုယ်ဟာ တစ်ပြားမှ မလျှော့ ရန်ကုန်းလမ်းပေါ်မှာပဲပေါ့။ လင်းနေမှ လူနေတယ် ထင်ယောင်မှားမိတယ် အမှောင်ထဲမှာလည်း ငြိမ်ငြိမ်လေး ကိုယ်နေတယ် အစကတည်းက မရောက်ခဲ့ရင် ဘယ်တော့မှလည်း မရောက် ကိုယ်လျှောက်နေတဲ့ လမ်းထက် လူဟာပိုမရောက် အိမ်အပြန်လမ်းတစ်လျှောက် အားလုံးနောက်ကျလည်း တစ်ယောက်ချင်းမှာ မိသားစုတစ်စုချင်းမှာ ခြေလမ်းညီညီစီလ...

မတော်တဆ ဗင်းနစ်မြို့ပေါ်က ကုန်သည်နှစ်ယောက်

Image
 မတော်တဆ ဗင်းနစ်မြို့ပေါ်က ကုန်သည်နှစ်ယောက် ______________________________________ ဒီရက်တွေမှာ ငါ့ခေါင်းဟာ သိပ်အလုပ်မလုပ်တော့ တွေးခေါ်နိုင်စွမ်းတွေဟာလည်း မရှိတော့ ပင်လယ်လှိုင်းတွေလို ကြီးမားတဲ့ ငါ့အယူအဆတွေဟာလည်း  ငြိမ်သက်သွားရတယ်။ ဘာမှဆက်ဖြစ်မလာတော့မယ့် ဆက်နွယ်မှုဟာ  မင်းနဲ့ ငါပါ။ ဒါဆို ဘာလို့ ဟိုတယ်အခန်းနံပါတ်တွေအပေါ်  ငါတို့ ညည့်နက်ခဲ့ပါလိမ့်။ အချစ်ရဲ့ အက်ကွဲသံတွေဟာ မွေးနေ့ကိတ်မရှိတဲ့  မွေးနေ့ပွဲမှာ ဖြစ်ခဲ့တယ်။ ချိန်းဆိုခဲ့ မြစ်လက်တက်တွေမှာ ငါတို့ရဲ့အချစ်တွေ ဆုံနိုင်ရဲ့လား။ အနုပညာအသက်ငွေ့ငွေ့လေးကို မင်းယူပါ။  အချစ်ရေ ဘာစီလိုနာပွဲလာတဲ့အချိန် ကိုယ့်ကိုခေါ်ပါ။ မင်းအပေါ်ကျရှုံးခဲ့ရသလို ကိုယ်ဘာစီလိုနာအပေါ်မှာလည်း  ကျရှုံးခဲ့ရသေးတယ်။ အချစ်ရေ အခုတော့ ငါတို့ဟာ  တစ်ယောက်နဲ့တစ်ယောက် မသိတဲ့ ဗင်းနစ်မြို့ပေါ်က ကုန်သည်တွေလိုပေါ့။ သဲသဲမဲမဲ မြစ်တွေ ဖြစ်ခဲ့ရ။ ဂေဘယ်လ် သြဂုတ်၂၅၊ ၂၀၂၁

တာရာမင်းဝေ

Image
 ချစ်ရတာခက်လား ဟင့်အင်း ချစ်ရတာမခက်ပါဘူး ဒါဆိုဘာက ခက်တာလဲ ချစ်မြဲချစ်နေဖို့ကခက်တာ . . . . တာရာမင်းဝေ

ဆိုဖီရဲ့ရယ်သံ

Image
 artwork by Kyaw Zaw ဆိုဖီရဲ့ရယ်သံ - ၂ ရယ်သံပိန်ပိန်နဲ့လူဝကြီးတစ်ယောက် မြစ်ကိုဖြတ်ကူးလာတယ်။ တဖက်ကမ်းမှာ လူပိန်လေးတစ်ယောက် အဓိပ္ပာယ်ကို လက်နှိပ်ဓာတ်မီးထိုးပြီး ရှာနေတယ်။ အချိန်ဟာ ရေထဲက လကို တချိန်ချိန်မှာဆယ်ယူကောင်းပါရဲ့။ ဆိုဖီရဲ့ရယ်သံကို မျက်နှာကြက်မှာသိမ်းထားတယ်။ ဆိုဖီရဲ့ရယ်သံ -၅ တဖက်ကမ်းက ရယ်သံဝဝနဲ့ လူပိန်လေးဟာ အဓိပ္ပာယ်ကို လက်နှိပ်ဓာတ်မီးထိုးပြီး သည်းကြီးမည်းကြီးရှာနေတုန်းပဲ ဆိုဖီ။ မရယ်မိအောင်နေမှပဲ လောကကြီးက  ငါ့ပေါ်ကြွေကျတော့တယ်။ အထီးကျန်ဆိုဖီ ယုန်ကလေးပိုက်လို့။ -Emoh Nema

ဆိုဖီရဲ့ရယ်သံ

Image
ဆိုဖီရဲ့ရယ်သံ - ၃၁ ဆိုဖီ့စိတ်တွေ တစ်နွေလုံးဝါခဲ့တယ်။ ဗလာမိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး ကြေကွဲသံဗရပွနဲ့ဆိုဖီရယ်တယ်။ မြက်စားနေတဲ့စိတ်က ဆိုဖီ့ရယ်သံကို မော့ကြည့်တယ်။ ဆိုဖီရဲ့ရယ်သံ -၃၇ ဘဝမှာကိုယ့်ကို စိတ်ရင်းနဲ့ ချစ်နေစောင့်ရှောက်ပေးနေမယ့်  သူတစ်ယောက်ရှိတာ  ဘယ်လောက်ကောင်းလိုက်သလဲလို့ ဆိုဖီအခါခါပြောတယ်။ ဖြတ်သွားဖြတ်လာကြယ်တွေကိုကြည့်ပြီး ဆိုဖီရယ်တယ်။ -Emoh Nema 

ဂေဘယ်လ်

Image
ဘုရားသခင် ဒုက္ခလှလှတွေ ______________________ ကိုယ်ကမ္ဘာပျက်ကိန်းတွေ အများကြီး ကြုံပြီးပြီ ပန်းကြာဝေ။ လက်ဝှေ့ပွဲတွေထဲ ကိုယ်အလဲလဲအကွဲကွဲ မှောက်ခဲ့ပြီးပြီ။ ရွက်လွှင့်သူတွေကြား သွေးရူးသွေးတန်းကဗျာတွေ ရေးခဲ့ပြီးပြီ။ ကံကြမ္မာကို အကြိမ်ကြိမ် ဒူးထောက်ခဲ့ပြီးပြီ။ မုဒ်ဟာ မြစ်ရေပဲလို့ပြောတဲ့ လူတစ်ယောက်နဲ့လည်း တွေ့ခဲ့ပြီးပြီ။  ကိုယ့်ရေခဲခေတ်ထဲ စီးနေတဲ့သွေးကြောတွေ ခဲကုန်ပြီး နာ့ဗ်ကြောတွေလည်း သေခဲ့ပြီးပြီ။ ကိုယ်သေခဲ့ပြီးပြီ ပန်းကြာဝေ။ ကိုယ်သေခဲ့ပြီးပြီ။ ကမ္ဘာ့အလေးချိန်ရဲ့ တစ်ဝက်ကို ကိုယ့်​ကျောပေါ်တင်ခဲ့ပြီး ကျန်တစ်ဝက်ကို ကိုယ့်အိတ်ကပ်ထဲ ထည့်ခဲ့ပြီးပြီ။ အနွေးဓာတ်လိုပါတယ်ဆိုတဲ့ လူတွေကို ကိုယ့်အပူချိန်တွေအကုန် ပေးခဲ့ပြီးပြီ။ အရက်သမားတစ်ယောက်ရဲ့ ဝန်ခံချက်ထဲမှာ ကိုယ်ကြေကွဲခဲ့ပြီးပြီ ပန်းကြာဝေ။ ဆင်ခြင်တုံမဲ့သွားတဲ့ ငါးတစ်ကောင် စဉ်းတီတုံးပေါ် ရောက်ခဲ့ရပြီးပြီ။ ဘာတွေ ထပ်ကြုံရဦးမလဲ ပန်းကြာဝေ ကိုယ်ဘာတွေ ထပ်ကြုံရဦးမလဲ။ တစ်ခုခု လွဲချော်နေပြီဆိုတာ ကိုယ်သိပါတယ်။ တစ်ခုခု လွဲချော်နေပါပြီ။ အဲ့ဒီ့လွဲချော်မှုတွေ ဘယ်အချိန်ကျရင် ရပ်တန့်ပြီး၊ ဘယ်အချိန်ကျရင် မှန်လာလောက်မလဲ။ စိတ်ဝမ်းကွဲခဲ့တဲ့ စစ်သည်တော်တွေကြား ဂီတာတီး...

ပျော်ရွှင်ခြင်း (၁၀)

Image
ပျော်ရွှင်ခြင်း (၁၀) (အဆုံး​၏အစ) ပျော်ရွှင် ကွယ်လွန်သူ၌ မသေသောချစ်ခြင်းနှင့် ပျော်ရွှင် ပျော်ရွှင်သူ၌လည်း မသေသောချစ်ခြင်းနဲ့နာကျင် မသေမရှင် နာကျင်ပျော်ရွှင်ခြင်းတစ္ဆေ ကမ္ဘာအဆုံးတိုင်စေ ​အချစ်ရေ မကျွတ်လွတ်ပါစေသတည်း။   ။ -စိုင်းဝင်းမြင့်  

စိုင်းဝင်းမြင့်

Image
 တောင်နံရံမှာ  နေကြာပန်းရိုင်းတွေ လှိုင်းထ ပင်လယ်ပြာပြာ အေးမြတယ်။ ပီကာဆို မဖြစ်ရလည်း  (ဘယ်သူမဆို) ကိုယ့်ဘဝကိုယ် ချစ်ရတာပဲ။  ။ - စိုင်းဝင်းမြင့်

သရဲကား ၁၀

Image
သရဲကား ၁၀ "မင်းသေရင် ကိုယ်တော့သတိရနေတော့မှာပဲ" ဆိုတော့ "ကိုယ်လည်း သတိရ ရနေမှာပါ" ဆိုပြီး သေသွားတယ်။ ဘယ်သူဘယ်လောက်ဖြည့်ဖြည့် မပြည့်တဲ့ကမ္ဘာမှာ ကိုယ်တို့က ချစ်တာထက်ပိုပါတယ် စိတ်နှလုံးထဲ ထင်ယောင်မှားမိရုံနဲ့ ပုံရိပ်မြင်တယ်။ ။ -စိုင်းဝင်းမြင့်  

ဆိုဖီရဲ့ရယ်သံ - ၃

Image
 artwork by Kyaw Zaw ဆိုဖီရဲ့ရယ်သံ - ၃ အဘိဓမ္မာအားဖြင့် ငါတို့ပျော်ရွှင်စွာပျောက်ရှခဲ့ပြီးဖြစ်တယ်။ ကံ-စီ-မံ-ရာ ဆိုတဲ့ ဝေါဟာရကို  တစ်လုံးချင်းစွဲဖြုတ် မိလ္လာအိုးထဲထည့်ပြီး ရေဆွဲချလိုက်တယ်။ ချစ်ခြင်းတရားမှာ ကပ်ငြိနေတဲ့ အနိစ္စဟာ ဆိုဖီ့ရယ်သံဖြစ်တယ်။ -Emoh Nema

ဆိုဖီရဲ့ရယ်သံ - ၄၁

Image
 artwork by ahb ဆိုဖီရဲ့ရယ်သံ - ၄၁ ဆုံလည်ကုလားထိုင်ကိုမြင်တော့ ဘုရားသခင်ဟာတကယ်မြင့်မြတ်ပါလားလို့ ဆိုဖီတွေးတယ်။ သစ္စာပန်းခြောက်တွေကို  တံခါးဝမှာ ဘယ်သူလာညှပ်သွားမှန်း  ဆိုဖီမသိဘူး။ တစ်ယောက်ယောက်လှမ်းပြောတဲ့ ၁၉၇၂ ခုနှစ်မှာ ဆီဖီရယ်လျက် ကျန်ရစ်ခဲ့တယ်။ -Emoh Nema

ဆိုဖီရဲ့ရယ်သံ - ၅၂

Image
 artwork by ahb ဆိုဖီရဲ့ရယ်သံ - ၅၂ မရယ်ရမှာကြောက်လို့ ဆိုဖီအရယ်ရပ်သွားတယ်။ ကြောက်ရွံ့စိတ်ဟာ ဘယ်ကမ္ဘာမှာပွင့်ပွင့် ရနံ့မကောင်းဘူး။ -Emoh Nema

ဖရဲသီး ဦးထုပ် - သူဝေး

Image
  ဖရဲသီး ဦးထုပ် - သူဝေး ========= လူကြီးတွေ မဆောင်းဘူး ကလေးတွေပဲ ဆောင်းတယ် ကမ္ဘာပေါ်ရှိ ဦးထုပ် အမျိုးမျိုး အနက် လူဆောင်းအနည်းဆုံး။ ကြက်ပေါင်ဖိနပ်ဟာ စားလို့မရဘူး စီးလို့ပဲရတယ် ဖရဲသီးဦးထုပ်ကတော့ စားလို့လည်းရတယ် ဆောင်းလို့လည်းရတယ်။ ပြုလုပ်ပုံ ။ ။ အရွယ်တော် ဖရဲသီးတစ်လုံးဝယ်ပါ အလယ်ကနေ ဓားထက်ထက်နဲ့ပိုင်းပါ အတွင်းသား နီရဲရဲများကို ဓားဖြင့်ခြစ်စားပါ ပြီးလျှင် အနည်းငယ် အခြောက်ခံပြီး အသင့်ဆောင်းသုံးနိုင်ပါပြီ။ ဖရဲသီတစ်လုံးကို ဖရဲသီးဦးထုပ်နှစ်လုံးရတယ် အေးတယ် ကလေးကုလားမို့ ကလေးတွေပဲဆောင်းတယ် စစ်ဦးထုပ်နဲ့တူလို့ စစ်တိုက်တမ်းကစားရင်ခန့်တယ်။ ညည့်နက်ပြီ ဖိုးခွားမအိပ်သေး ဦးထုပ်ထိပ်မှာ ကြယ်ပုံထွင်းနေ တန်ဖိုးနည်းစစ်ဗိုလ်ချုပ် လုပ်မလို့ ဖိုးခွားအဖေလည်း မအိပ်သေး ရွာပြင်ဝေးဝေးကအသံတွေကိုနားစွင့်ရင်း ပုတီးစိပ်။ နံနက်လင်းတယ် ရွာအနောက်ဖက်မှာ ဖိုးခွားတို့ အချင်းချင်း နှစ်ဖက်ခွဲပြီး စစ်တိုက်တမ်း ကစားကြတယ် အောင်အောင် သေသွားတယ် အောင်အောင် တစ်ကယ်သေသွားတာ ဘယ်ကလွင့်လာပြီး စိုက်ဝင်သွားတာလဲ ဖရဲသီး ဦးထုပ်ကို ဖောက်ပြီး နားထင်ထဲ ကျည်ဆံအစစ်က ။ သူဝေး

သုခမိန်လှိုင်

Image
 ကိုယ်ဖြစ်ချင်သလိုဖြစ်လို့မရဘူး ။ ကိုယ်ချစ်ချင်သလို  ချစ်လို့ရတယ်မဟုတ်လား ။ သုခမိန်လှိုင်

(အိတ်ဖွင့်ပေးစာ)

Image
 (အိတ်ဖွင့်ပေးစာ)  ပန်းတွေဟာ အဆုပ်လိုက် အဆုပ်လိုက် ကျည်မတိုးတဲ့ ဦးခေါင်းခွံတွေမှာ ပွင့်တဲ့အခါ  ငြိမ်းချမ်းရေးကို ငါတို့ရဲ့ နားရွက်ဖျားမှာ  လာရှာပါ။ - sharmy/ 18022021

သေဆုံးပြီး လက်ဆင့်ကမ်းပြီး ဘရာဗို

Image
 သေဆုံးပြီး လက်ဆင့်ကမ်းပြီး ဘရာဗို! ပန်းတပွင့်​၏ အရိုးအဆစ်များနှင့် ကျိုးပဲ့သွားသော လက်ချောင်းများ အလံတော်အောက်က ကျဆုံးစစ်သည်ဟာ နောက်ကလူမမြင်မြင်အောင် ပန်ပြလိုက်တယ်။ -Kalon/ 19062021

ဆပ်ရိပ်

Image
 Panrasite စိုက်တိုင်းမပွင့်ဘူး ဘဝမှာ(ပွင့်ချင်လည်းပွင့်မယ်) ပွင့်တိုင်း မလှဘူး (လှချင်လည်းလှမယ်) ဘာပဲဖြစ်ဖြစ် ရေမျောကမ်းတင် သစ်ရွက်ကလေးသာဖြစ်လိုက်ချင်တယ်။ စမ်းချောင်းကလေးအတိုင်း တောင်တန်းတလျှောက် နွေးနွေးထွေးထွေး အဝေးကြီးရောက်ချင်တယ်။ တော်ပါတော့ ကုန်စျေးနှုန်းများ ဒေါ်လာစျေးများ ၁၂၀ မမ အိမ်ဝယ်ပြီးရင် ကားဝယ်ဖို့။ တောလမ်းကလေးမှာဆိုရင် တောပန်းကလေးတွေသာရှိပါတယ်။ -ဆပ်ရိပ် ၇.၉.၂၁

တက္ကသိုလ်ဘုန်းနိုင်

Image
မတားသာပါ သွားမှာကို ဘယ်သူ တားနိုင်လိမ့် သနားကာ ထားချန်ဖြစ်တယ်ထင့် ကျန်ရစ်မြေ နွေမဆိတ်ပါလား နိမိတ်ပုံတစ်သီတတန်းရယ်နှင့် စိတ်ဝိဉာဉ်ပန်းချီခန်းမှာ (နွေဦးရေ)လွမ်းပျော်မွေ့ကြီး ။ တက္ကသိုလ်ဘုန်းနိုင် မျပ်ရည်လောကများ၏ ဟိုမှာဘက်  

တက္ကသိုလ်ဘုန်းနိုင်

Image
 artwork by Ahb အချစ်လို့ လူတို့ခေါ်တဲ့သည်အရာကို ငါမပေးနိုင်ဘူးလေ။ ဒါပေမယ့် အဲ့ဒါအစား နှလုံးသားကပင့်ပြီး အထက်မြှင့် မြှောက်တင်တော့ ကောင်းကင်ဘုံကလည်းကွယ် မငြင်းမပယ်တဲ့ ကိုးကွယ်ခြင်းမျိုး ပိုးဖလံငယ်ရဲ့ ကြယ်ကိုလိုချင်တဲ့ ဆန္ဒမျိုး။ ညက နံနက်ကို လိုချင်တဲ့ ဆန္ဒမျိုး။ လူ့ဘဝရဲ့ သောက  မျက်ရည်လောကများရဲ့ ဟိုမှာဘက် အဲ့သည်ဘက်က တစ်စုံတစ်ရာကို ကိုယ်ကိုနှင်းအပ် ဆည်းကပ်ရိုးကျိုး သဒ္ဓါနှင့် မြတ်နိုးခြင်း အင်း...သည်ဟာမျိုးကိုတော့ မင်း... မင်း လက်မခံချင်ဘူးလား။ ရှယ်လီ​၏ ကဗျာအား တက္ကသိုလ်ဘုန်းနိုင်မှ မြန်မာဘာသာပြန်ထားခြင်း ဖြစ်သည်။

အောင်ချိမ့်

Image
 အစစ အရာရာ အဆင်မပြေပေမဲ့ ကမ္ဘာကြီးက လှလိုက်တာကွာ   - အောင်ချိမ့် -

ဂန္ဓမာ သောင်းရီ

Image
 “သေရဲတယ်ဆိုတာ  အပြောသာလွယ်တာ  သေပြီးရင်ရှုံးသွားတာပဲကွ..... ဘာမှဆက်လုပ်လို့မှမရတော့ဘူး မသေအောင်နေမှ  နိုင်တာ..မင်းသိလား” မရှုံးစေနဲ့ညီကိုတို့  ဂန္ဓမာသောင်းရီ (The Guys Of Rangoon)

လူဆိုတာ အနွေးဓာတ်လိုတယ်

Image
 Artwork - Kyaw Zin လူဆိုတာ အနွေးဓာတ်လိုတယ် လူဆိုတာ အနွေးဓာတ်လိုတယ် မြနှင်းဝေရေ မင်းမရှိရင်ငါမဖြစ်ဘူးကွဲ့ လူဆိုတာအနွေးဓာတ်လိုတယ်။ အနွေးဓာတ်ဟာ တောင်အရပ်ကစပြီး အမြဲလာတယ်။ မြနှင်းဝေရေ တို့၊ပင်လယ်တွေဆီသွားကြစို့ အနွေးဓာတ်ဟာ တောင်အရပ်ကစပြီး အမြဲတမ်းလာတယ်။ ဂုဏ်သိက္ခာနဲ့ဘဝကို လျှော်ကြေးအဖြစ်ပေးဆပ်ခါ ကော်ပီသီချင်းတွေနဲ့ ဝမ်းစာရှာပြီး ကဗျာဆရာအဖြစ်သေလိုတဲ့ ငါ့မိတ်ဆွေလည်း အနွေးဓာတ်လိုအပ်ခဲ့မယ်။ ကြယ်တွေနဲ့တိုးတိုက်မိမတတ် မှောင်မှောင်မည်းမည်း ကံတရားလမ်းမကြီးပေါ်မှာ မအေးကြည်လေးလဲ အနွေးဓာတ်လိုအပ်နေပြီပေါ့။ လူတိုင်းလူတိုင်းဟာ ပွင့်လင်းရာသီကိုစောင့်မျှော်ရင်း နွေးထွေးမှု့ကိုငံ့လင့်ရင်း အချင်းချင်းတီးတိုးပြောဆိုနေကြရဲ့။ ဒါပေမယ့် မြနှင်းဝေရေ သီချင်းတစ်ပုဒ်ကို သီဆိုဖို့တော့ ဘယ်သူမှ သတိမရကြဘူးပေါ့။ ဥပမာ ငါတို့ရဲ့အာဇာနည်တွေနဲ့ သူတို့စတေးခဲ့ရတဲ့ ဘဝများအကြောင်းပေါ့။ ဟောဒီ ဆောင်းဟာလေ လူတစ်ယောက်အတွက် မောင်းချဓားတစ်ချောင်းကိုသွားပြီး သတိရစေနိုင်ရဲ့။ သူမျှော်လင့်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့အချစ်အတွက် သူပေးဆပ်နိုင်တဲ့ အကောင်းဆုံးအရာဟာ ဒါပါပဲလားလို့ တွေးမိသူတစ်ယောက်အဖို့ပေါ့။ ဘဝကို သီချင်းလုပ်လုပ်ပြီးဆိုချင်တဲ့ လူတ...

အပျက်ကြီးထဲကထွက်ဖို့

Image
 - အပျက်ကြီးထဲကထွက်ဖို့ ခေတ်ပျက်ထဲ အားလုံးက စိတ်နီးနားချင်းတွေပဲ အပျက်ကြီးထဲက ထွက်ဖို့ အဓိက အသက်မရပ်ဖို့ အချစ်မပျက်ဖို့။ 4oems

အောင်ခင်မြင့်

Image
 ချာလီရေ . . . ကောင်လေးရေ . . . ထတော့ဟေ့။ ခေတ်ဆိုးကြီးကို  တစ်ခန်းမှ  မလွတ်စေနဲ့။ ကဗျာဆရာ  ဘေတောက်  ရေးခဲ့သလို 'ဘောလ်ပင်နဲ့ ခြစ်ထားတဲ့ ရှုခင်းဟာ ဒီမှာပြန်ပေါ်လာပြီ' ချာလီ။ - အောင်ခင်မြင့်

ပြန်များဆုံဖြစ်ကြသေးလား

Image
 artwork by ahb ပြန်များဆုံဖြစ်ကြသေးလား ကားကပဲ ကျော်သွားတာလား မှတ်တိုင်ကပဲ ကျန်ခဲ့တာလား အမှန်ဆို အနာအဆာလေးဖယ်စားရင် အချစ်က ချိုပါတယ် ငါတို့မှမသိခဲ့ဘဲ မေရယ် ပြန်မဆုံဇာတ်သိမ်းမှာ ငါတို့ပြန်များဆုံဖြစ်ကြသေးလား။ 4oems

တာရာမင်းဝေ

Image
 ထွက်ပြေးသွားတဲ့ချစ်သူနောက်မလိုက်တော့ပါဘူး သူထားသွားတဲ့နေရာမှာပဲရပ်နေလိုက်တယ် ကမ္ဘာကြီးကလည်နေတာပဲ တစ်နေ့ ဒီနေရာကို သူပြန်ရောက်လာမှာပါ။ -တာရာမင်းဝေ

မောင်ချောနွယ်

Image
ကမ္ဘာလောကကြီးကို ယုယသူဟာ မောင်ချောနွယ် ဖော်ဝေး အောင်ချိမ့်နဲ့ သုခမိန်လှိုင် တို့ ဖြစ်ကြရဲ့။ ကမ္ဘာကြီးနဲ့ စိမ်းသူဟာလည်း သူတို့ပဲ ဖြစ်ကြတယ်။ ရေခဲတွေ အရည်ပျော်ရန် ငါ့ကိုခေါ်ပါ မောင်ချောနွယ်ကို ခေါ်ပါ ဖော်ဝေးကို ခေါ်ပါ။ မပူသေးတဲ့ရေ ဆူရန် ငါ့ကိုခေါ်ပါ ဖော်ဝေးကို ခေါ်ပါ မောင်ချောနွယ်ကို ခေါ်ပါ။ မောင်ချောနွယ်

My pocket gives itself a name

Image
 My pocket gives itself a name ငါတို့မှတ်မိတဲ့ အိပ်မက်တွေပဲ ကမ္ဘာမြေနဲ့ စကြဝဠာ ဆက်ဆံရေးတင်းမာလာတော့ ငါတို့ စိတ်ပူရတယ် ရှင်သန်ပေါက်ဖွားလာတာမျိုးမဟုတ်ပဲ နယ်မြေကျူးကျော်ခံလိုက်ရတာမျိုး ရှားပါးလာတာ ဝေလငါးတွေမဟုတ်ပဲ ငါတို့ကိုယ်တိုင် ဖြစ်နေတယ် မချစ်သေးတဲ့သူကို စိတ်ပူရတယ်။ -Kalon/ 04102021

နေကြာ

Image
 နေကြာ နေမယ်ဆို ကြာကြာလေးနေပါ ထာဝရလောက် ကြာကြာလေးနေပေးပါ

ဂေဘယ်လ်

Image
 ငါတို့ဟာ တစ်မျိုးစီ ရူးနေကြသူတွေပါပဲ ________________________ ငါ့အကြောင်း မင်းအသိဆုံးပါကွယ်။  ငါဘာကိုမှ မကြိုးစားခဲ့တာလေ၊ ဘဝမှာ မင်းနဲ့အတူနေရဖို့ကလွဲပြီး ငါဘာကိုများ ကြိုးစားခဲ့ဖူးလို့လဲ။  ပင်မင်းအပ်ထားတဲ့ ငါ့အင်္ကျီတွေ မင်းလိုက်ထုတ်ပေးပါဦး။ ကမ္ဘာမကျော်ပါဘူး၊ ဒါဟာ သာမန်အချစ်ဇာတ်လမ်းတစ်ခုပါပဲ။ မင်းဆံပင်တွေ ရှည်လာပြီး ရွှေရောင်တွေဖြစ်လာတော့ ငါလည်း တော်လှန်ရေးထဲပါလိုက်ရတယ်။ နိုဝင်ဘာလကိုရောက်ရင် ငါအိပ်ရာထဲ လဲနေမယ်ထင်တယ်။ တစ်နေ့နေ့မှာ မင်းနဲ့ငါ အရက်ဆိုင်တစ်ခုထဲမှာ တွေ့ခဲ့ရင် ငါတို့အတူထိုင်ဖြစ်ပါ့မလား ငါသိပ်စိုးရိမ်တာပဲ။ ငါတို့ကိုယ်ပိုင်ငရဲတွေကို ငါတို့ကိုယ်တိုင်ဖန်ဆင်းခဲ့တာပဲလေ။  ဒီလောက်တော့ ပူလောင်ရမှာပေါ့ မဟုတ်ဘူးလား။ ငါက အသံတုန်နေတဲ့ မင်းသားပဲလေ အချစ်ရယ်  ငါကတဲ့ဇာတ် ငါပြီးအောင်တင်ဆက်နေမှာပါ။ ငါတို့လွဲချော်ခဲ့ပုံကို ဘယ်စာရေးဆရာရေးရင် ကောင်းလောက်မလဲ။ ခေါင်းစဉ်ကို "ငါတို့အတူနေကြပြီး ငါတို့အတူသေကြမယ်" လို့ ပေးမလား အချစ်။ ဂေဘယ်လ် ၂၅ဇူလိုင်၊ ၂၀၂၁

ညီမလေး မမမြင့်

Image
 ညီမလေး မမမြင့် (က) မြောက်ကျွန်းသူ အတုလကာရီရဲ့ တစ်စလယ်ဝင် ထမင်းအိုးလေးဟာ ရဟန္တာအပါး ၅၀၀ ကို ဆွမ်းကပ်လှူနိုင်သတဲ့ကွ. . . ညီမလေး မမမြင့်ရဲ့ ရွှေသားသံယောဇဉ်ကလည်း ကိုယ့်ဘဝတစ်ခုလုံးကို ကျန်းမာဝေဆာအောင် ကဗျာဆရာဖြစ်အောင် ဖြည့်စွမ်းပေးနိုင်ခဲ့ပါတယ်။ ညီမလေး မမမြင့်ရေ မမြဲတဲ့ အနိစ္စတရားက မြဲလွန်း တို့တွေ မောင်နှမလို နေကြမယ်ကွယ်။ မောင်ချောနွယ်

What's Dat Pone Ka Byar ?

Image
  What's Dat Pone Ka Byar ? Dat Pone Ka Byar Page  ကဘာလဲဆိုရင်တော့   ကဗျာကြိုက်သူတွေအတွက်   ကဗျာဖတ်ရင်း   လှူလို့ရမယ့်   နေရာတစ်ခုပဲ   ဖြစ်ပါတယ်။   ဘယ်လိုလှူရမလဲဆိုရင်တော့  Click to Donate  ပါပဲ   ။  Click  နှိပ်ဖို့အတွက်  Dat Pone Ka Byar Telegram Channel  ရှိပါမယ်   ။   Telegram :  https://t.me/DatPoneKaByar Channel  ထဲမှာ   ကျွန်တော်တို့ဘက်က   ဓာတ်ပုံတွေ၊ကဗျာတွေတင်ပေးပါမယ်။  Click to Donate  အတွက်  Link  လဲပါပါမယ်   ။  Link  နှိပ်ပြီး  Dat Pone Ka Byar Blog  ထိရောက်ရင်   လှူပြီးသားဖြစ်မှာပါ။   Blog  ထိမရောက်ခင်  ADS  တွေကျော်ရပါမယ်   ။   အဲ့  ADS  တွေကနေရလာတဲ့  ADS  ကြေးတွေကို  CDMers  နဲ့   ခေါင်မိုးဖာ   နှုတ်ခမ်းနီဖိုးတွေ   လိုတဲ့နေရာတွေမှာ ရာနှုန်းပြည့်   ပြန်လှူပေးသွားမှာပါ။   ဒီနေရာမှာ   ပြောလိုတာက .... Dat Pone Ka Byar  အနေနဲ့ ...

မောင်ချောနွယ်

Image
 ကျွန်တော်တို့ရဲ့နေ့စဉ်ရက်များဟာ ဒဏ်ရာနဲ့ရက်များချည်းပါပဲ ချစ်ခြင်းမေတ္တာရဲ့ဟိုဘက်မှာ ဘာများရှိပါသလဲ မောင်ချောနွယ်

ဂန္ထဝင် မမ

Image
ဂန္ထဝင်မမ ၁ ————— အောင်ချိမ့် မမရေ. . . မမ​ရေ. . . မမရေ. . . ကျွန်တော့်ကို တံခါးဖွင့်ပေးပါ ။ သွေးရူးသွေးတန်း ကိန်းဂဏန်းတွေ ကိုင်မြှောက်ပြ အကြိမ်တစ်ရာ ရှိပါပြီ မဟာစကြဝဠာ တစ်ခုလုံး နပိုလီယံကလွဲပြီး လူသားအားလုံး စစ်ကို မုန်းသလို သဘောတူကြတယ် ဟုတ်တယ် ၊ ဒါ ဖျားနေသူရဲ့ အသံပါပဲ ။ အိုး ငါ ဖျားနေတာ နွေသုံးခု ၊ မိုးသုံးခု ဆောင်းသုံးခု ဒုမဲ့ဒြပ်မဲ့ လက်ပတ်နာရီ လူနာခုတင်ပေါ် အိပ်ရာပြင် ပညာရှိများကို ကန့်ကွက်ရဲ့ အသက်ရှင်ခြင်း ဆိုတာ ရင်ခုန်တာပဲ ဘယ်သူ ငြင်းမလဲဟေ့ ဘယ်သူ ငြင်းမလဲ ။ ဆရာဝန် ညွှန်ကြားချက်မှာ လက်ဖက်ရည်တစ်ခွက် ပေးပါ ဒူးယားတစ်လိပ် ပေးပါ မမ ကျွန်တော့်ကို ချစ်ပါ ဒီကောင် လက်နက်ချရမယ်တဲ့ ။ အောင်ချိမ့်  

ခင်ဖုန်းသက်ဝေ ဂယ်လာရီ

Image
 " ခင်ဖုန်းသက်ဝေ ဂယ်လာရီ " ရှင်ဘုရင်ဆိုတာ ဆန္ဒရှိရာကို ပြောနိုင်တဲ့နေရာလို့  ကျွန်တော်ထင်ခဲ့တယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ ခင်ဖုန်းသက်ဝေ အဖိုးတန်ကြယ်လေးတစ်လုံး ကျွန်တော်ထွန်းထားရစ်ပါတယ် မျက်စောင်းတွေနဲ့ ပလ္လင်တော် မပျော်ပဲ ရယ်ပြနေရတဲ့တိမ်တစ်အုပ် ဗျိုင်းတစ်အုပ် မြူတစ်အုပ် ဆေးပျယ်စ သင်္ဘောကြီးတွေက မြစ်လည်မှာတရွေ့ရွေ့ ပြန်တွေ့ကြဖို့ အစီအစဉ်သည် ရှိ၏ မရှိ၏ ဘာမှမရခဲ့ပါဘူး ဘာမှမရခဲ့လို့သာ ကဗျာဆရာဖြစ်နေတာလေ တခုခုရလိုက်ဖူးရင် တခြားလူဖြစ်သွားတော့မှာပေါ့ ခင်ဖုန်းသက်ဝေရဲ့ အဲဒီလိုနဲ့ပဲ ကိုယ့်ပန်းပွင့်ကို ရွက်လိုတိုက် ဗေဒါပင်လေး မိုက်မိုက်မဲမဲ ထွက်ခွာသွားပါပြီ ဓားဘယ်နှစ်စင်း  အဲဒီလမ်းမှာခင်းထားပါသလဲ မြစ်ကလက်မခံတော့ရင် ကမ်းမှာတင်မယ် ဘယ်ကမ်းမှ လက်မခံတော့ရင်ရောတဲ့ တောင်ပင်လယ်ကိုမျှော်လို့ ပန်းသုံးပွင့်သာလှူပေးကွယ် သလဲသီးတွေဝယ်ရင်းနဲ့မှ ဗိုလ်အောင်ကျော်လမ်းက ခိုတွေ သိပ်နွဲ့တတ်ကြတာသိတယ် မုန်းစရာကြီးနော် ခင်ဖုန်းသက်ဝေ ဒီအကြောင်း ထရန့် နဲ့ မစ္စတာရှီကို မစ်စ်ကောပို့မယ် အချစ်ထက် ဒေါ်လာဈေးတွေကျော်လာကြောင်း မနှစ်က တမာပင်ရိပ်ကိုပဲ မဟုတ်လား အညာသားလေးရောင်းတဲ့ ရခိုင်မုန့်တီတဲ့ ရယ်ရတယ်နော် ခင်ဖုန်းသက်...